Thursday, December 15, 2011

ဆံပင်လှလှ...ယဉ်စစ...

မိန်းမတို့ဘုန်း..ဆံထုံးဆိုတဲ့ဆိုရိုးစကားနဲ့အညီ ကျွန်မတို့မိန်းကလေးတွေအဖို့ ဆံပင်ရဲ့ကောင်းခြင်းဟာ မရှိမဖြစ်ပါ...ထိကိုင်မကြည့်ခင် ဖျတ်ခနဲ့တချက်ကြည့်လိုက်တာနဲ့ နွဲ့နှောင်းပျော့အိနေတဲ့ ဆံပင်ဟာ မြင်သူတိုင်းဘ၀င်ကိုခိုက်သွားစေမှာ အမှန်ပါပဲ.. ကဲ.. ကျွန်မတို့ရုံးကအကို တစ်ယောက်ပြောတဲ့ ဆံကေသာသန်စွမ်းနက်မှောင်စေမယ့်နည်းလမ်းတွေကတော့...

ခေါင်းမလျှော်ခင်....

၁။ ခေါင်းမလျှော်ခင် ၁ နာရီလောက်အလိုမှာ သံလွင်ဆီကို ဦးရေပြားထဲရော ဆံပင်မှာပါ (အထူးသဖြင့် ပျက်စီးနေတဲ့ဆံသားတွေအတွက် ဆံပင်အဖျားမှာပါ) စိမ့်ဝင်နေအောင်လူးပါ..ပြီးရင် shower cap နဲ့အုပ်ထားပြီး မိနစ် ၃၀ကနေ ၄၅ မိနစ်အထိထားပါ..ပြီးမှ ခေါင်းလျှော်ချပါ....

ခေါင်းလျှော်နေစဉ်
၂။ အများအားဖြင့်ကျွန်မတို့ဟာ အချိန်မရတာရော..သေချာမသိတာရော..အကြောင်းအမျိုးမျိုး တို့ကြောင့်  ခေါင်းလျှော်တဲ့အချိန်မှာ ခေါင်းလျှော်ရည်ကို လက်ဖ၀ါးထဲထည့်ပြီး ဆံပင်ပေါ် တင်လိုက်ပါတယ်.. ပြီးမှ ဆံပင်အနှံ့ပွတ်တာဟာ အင်မတန်မှားတဲ့နည်းလမ်းကြီးပါတဲ့.. အဲလိုအလုပ်ကောင်းလို့ တော်တော်များများဟာ အလျင်အမြန် ထိပ်ပြောင်ကြရပါတယ်.. ပထမဆုံး ဆံပင်ကိုရေသေချာနှံ့အောင် လောင်းပြီးပြီဆိုတာနဲ့ခွက်သေးသေးလေးထဲကို ခေါင်းလျှော်ရည်တွေ အရင်ထည့်ချလိုက်ပါ..ပြီးမှ သင့်တော်တဲ့ရေပမာဏအနည်းငယ်ကို ထည့်ပြီး အမြှပ်ထလာအောင် (ရေနဲ့ ခေါင်းလျှော်ရည်သမသွားတဲ့အထိ) မွှေပါ.. ပြီးမှ ဦးခေါင်းပေါ်ကို တစ်နေရာနည်းနည်းစီ လိုက်လောင်းပါ.. ခေါင်းအနှံ့ခေါင်းလျှော်ရည်ရောက်ပြီဆိုမှ ပွတ်သပ်ပြီးလျှော်ပါ..လက်သည်းနဲ့ဦးရေပြား ကို မကုပ်ရပါဘူး.. ပြီးရင်ရေဆေးချပါ..သတိထားရမှာက ဒီအဆင့်မှာလုံးဝခေါင်းမဖြီးရဘူး ဆိုတာပါပဲ..  နောက်တကြိမ်လဲပထမနည်းအတိုင်းလျှော်ပါ..ဒီတကြိမ်မှာတော့ ခေါင်းလျှော်ရည်ကိုနဲနဲလျော့ထည့်ပါ.. အားလုံးပြီးရင်ရေစင်အောင် ဆေးချပါ.. ခေါင်းလျှော်ရည်အမြှပ်ခေါင်းပေါ်မှာလုံးဝမကျန်တော့တာ သေချာတဲ့အထိ ရေကိုသေချာလောင်းပါ.. စင်တာသေချာပြီဆိုမှ ဆံပင်ပျော့ဆေးကိုသုံးပါ..ဒီနေရာမှာ သတိထားရမှာကလဲ ဆံပင်ပျော့ဆေးကို ဦးရေပြားမထိပါစေနဲ့.. ဆံပင်ပျော့ဆေးဆိုတဲ့အတိုင်း ဆံသားပေါ်မှာပဲသေချာပွတ်နယ်ပါ.. ၅ မိနစ်လောက် ထားပြီးတဲ့အခါမှာ ရေကိုလုံးဝစင်ကြယ်တဲ့အထိဆေးချပါ..

ခေါင်းလျှော်ပြီးစ...
၃။ ခေါင်းလျှော်ပြီးပြီဆိုတာနဲ့ ရေစင်အောင်သုတ်ပါ.. hair dryer သုံးမယ်ဆိုရင်လဲဆံပင်နဲ့အနည်းဆုံး ၆ လက်မလောက်ခွာပြီးသုံးပါ..ဆံသားခြောက်သွေ့တာကို ကာကွယ်နိုင်အောင်ပါ.. မျက်နှာသုတ်ပ၀ါနဲ့သုတ် တဲ့အခါမှာလည်း အရမ်းဖိပွတ်ပြီး မသုတ်ရပါဘူး... ဖွဖွလေးနဲ့ချစ်သူ့ပါးလေးကိုဖွဖွလေးပုတ်သလိုမျိုး ပုတ်ပုတ်ပြီးသုတ်ရပါမယ်.. ကဲ..ရေလဲတတောက်တောက်ကျမနေတော့ဘူးဆိုရင် vitamin E အဆီလေးကို ဆံပင်အဖျားရော အရင်းပါနှံ့အောင် ထည့်ပေးရပါမယ်.. မွှေးလဲမွှေးပါတယ်.   ဈေးလဲသေးပါတယ်..၁ လုံးမှ ၁၀၀ ထဲပါ.. ပုံမှန်လေးသာ အဲလိုကျင့်သုံးသွားမယ် ဆိုရင် မင်းရဲ့ဆံနွယ်တွေ လေမှာလွင့်နေတယ်.. မကြာခင်မှာနမ်းရှိုက်ခွင့်ရသင့်တယ်.. ဖြစ်ကုန်ပါလိမ့်မယ် လို့ သတင်းကောင်းပါးရင်း....

No comments:

Post a Comment